လဲချားမြို့နယ် လုထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT နှင့် အာဟာရအသိပညာပေး ဆွေးနွေး

လဲချား ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT နှင့် အာဟာရအသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးက ဆွေးနွေးပွဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးငယ်များနှင်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးစိုင်းသက်အောင်ဦးမှ အာဟာရပိုင်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပို့ချခဲ့ပါပြီး အာဟာရဖြစ်စေမည့် ကြက်ဥနှင့် ပဲနို့များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)