ချမ်းမြသာစည်မြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ချမ်းမြသာစည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၇ နာရီက စတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဇန်နဝါရီ ၆ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားမှုအား မဲဆန္ဒရှင်ပြည်သူများမှ လာရောက်ကြည့်ရှုမှုအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးထွန်းဇံဖြူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်းစည်ပြန်/ဆက်)