မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မောက်မယ် ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရှုကာ အတွေးအမြင်များ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာ သရဝဏ်(ပြည်)၏ “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က  စာပေမှ အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေ ချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ရခြင်းကို ပြောကြားပြီး နန်းဖွေးခမ်းက “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်”  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုင်းထက်ဦးခန့်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းနုယဉ်က “ကျွန်တော့်ဘဝ လူငယ်နှင့်ဝါသနာ”ခေါင်းစဉ်တွင်ပါဝင်သည့် အကြောင်းအရာ များကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ပြီး ပြသထားသည့် ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)