သီပေါ ဇန်နဝါရီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင် အတွဲ(၅)၊ အမှတ်(၁)ကို မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ ဝက်ဝံ(ယာယီပျံကျစျေး)၊ ကားဂိတ်၊ ဆိုက်ကားဂိတ် နှင့် ဌာနဆိုင်ရာရုံးများတွင် ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည်ဒို့အသက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုအမွေ အမြဲတည် တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့၊ လွတ်လပ်ရေးကို ကာကွယ်ပါ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ၊ လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန်(၉)ချက်၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် ကဗျာ၊ ကာတွန်း စသည့် အကြောင်းအရာများ စုံလင်စွာ ပါဝင်ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)