ချမ်းအေးသာစံ ဒီဇင်ဘာ ၂၃
ဘက်စုံသားဖွားဒီပလိုမာ (၁၁)ကြိမ်မြောက် သင်တန်းသူများအား ဘွဲ့လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို သားဖွားသင်တန်းကျောင်း (မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
အစီအစဉ်အရ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များကစင်မြင်ပေါ်သို့ နေရာယူကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဘွဲ့လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းခံရမည့် သင်တန်းသူများက ကတိပြုခြင်းနှင့် သူနာပြုသစ္စာအဓိဠာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး သားဖွားသင်တန်းကျောင်း(မန္တလေး)ရှိ ကျောင်းအုပ်ဆရာမကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုမြင့်က ဘက်စုံသားဖွားဒီပလိုမာ (၁၁)ကြိမ်မြောက် သင်တန်းသူ ၉၅ ဦးအား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)