မိုင်းရှူးမြို့၌ မဲစာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး

မိုင်းရှူး ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ မဲစာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက အမှတ်(၂)ရပ်ကွက် ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများတိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သောစိစစ်ရေးအဖွဲ့မှ မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းများကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)