ကျိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းလားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လက်သမား/ ပန်းရံသင်တန်းကို ဝမ်တာပင်းအုပ်စု ကော်နဝါး ကျေးရွာတွင် ဇန်နဝါရီလ (၁)ရက်နေ့ နံနက်ပိုင်း က ဖွင့်လှစ်သည်။
ရှေးဉီးစွာ မိုင်းလားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ညီညီက ယခုဖွင့် လှစ်သင်ကြားပေးသော လက်သမား /ပန်းရံ အတတ်ပညာများ ကို ဂရုတစိုက်လေ့လာမှတ်သားပြီး မိမိအကျိုး၊ ဒေသအကျိုးအတွက် ပြန်လည်အသုံးချသွားရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက သင်ကြားပို့ချမည့် အကြောင်းအရာများကို ကဏ္ဍတစ်ခုချင်အလိုက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မိုင်းလားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန် ပုံငွေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း ကာလမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်လကြာ စာတွေ့ လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကာ မိုင်းလားမြိုနယ်မှဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်နေ သင်တန်း သား/သူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)