ကျောက်ဆည်မြို့နယ်၌ ဆောင်းပဲတီစိမ်းသီးနှံ ၂၃၂ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂) ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံများကို တိုက်နယ်(၁)နှင့်တိုက်နယ်(၇)မှ ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးထားရှိပြီး ဇန်နဝါရီလကုန်အထိ ၂၃၂ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဆောင်းပဲတီစိမ်းသီးနှံများကို တိုက်နယ်(၁)မှ ကျေးရွာအုပ်စုများဖြစ်သော ပန်းခွာကျေးရွာအုပ်စု၌ ၂၃ ဧက၊ ကျီးပြကျေးရွာအုပ်စု၌ ၄၂ ဧက၊ သင်ပျိုကျေးရွာအုပ်စု၌ ၃၁ ဧက၊ ကျီးအိပ်ကျေးရွာအုပ်စု၌ ၂၇ ဧက၊ ဒွေးလှကျေးရွာအုပ်စု၌ ၂၉ ဧက၊ အနောက်ငါးကျေးရွာအုပ်စု၌ ၃၅ ဧက၊ ရှားပင်ကျေးရွာအုပ်စု၌ ၃၃ ဧကနှင့်တိုက်နယ်(၇)မှ သရက်ပင်ကျေးရွာအုပ်စု၌ ၁၂ ဧက စုစုပေါင်း ၂၃၂ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)