ကျောင်းကုန်းမြို့၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မြစန္ဒာညိုက မိခင်လောင်းများ အာဟာရပြည့်ဝစွာစားသုံးကြဖို့လိုကြောင်း ပြောကြားပြီး၊ မြို့နယ်လူ မှုဝန်ထမ်းဦးစီးမှူး ဒေါ်သီတာဝင်း ကလူ့ဘဝအစ ရက် (၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာ ရေးဆိုင်ရာလိုအပ်ချက်များ ပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာ ကိုယ် ကောင်း စွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ငွေကြေးထောက်ပံ့ပေးနေခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မြစန္ဒာညိုနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေမီမိုးနှင့်ဝန်ထမ်းများ၊ လူမှုဝန် ထမ်းဦးစီးဌာနဦးစီးမှူးဒေါ်သီတာဝင်းနှင့် ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)