ခရုရိုးကျေးရွာ မူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဒီဇင်ဘာ ၂၂

ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရုရိုးမူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်ကဌာန၏ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ ကလေးများအတွက် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် မူကြိုကလေးငယ်‌လေးများက ကာယစွမ်းရည်ပြိုင်ပွဲများအား အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ပါ၀င်ယှဥ်ပြိုင်ကစားခဲ့ကြသည့် မူကြိုကလေးငယ်များအား ဆုများအသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း၊ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ခရုရိုးကျေးရွာ မူကြိုကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)