ဖျာပုံမြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ဖျာပုံ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၈)နာရီက ဖျာပုံမြို့လူစည်ကားရာ မြောက်ပိုင်းစျေး၊ ဆိုက်ကား ဂိတ်များနှင့် ချောင်းတွင်း လမ်းမကြီးလမ်းသွားလမ်းလာ ပြည်သူများအား (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ တစ်နိုင်ငံလုံးသို့ အခမဲ့ဖြန့်ချိပေးခြင်းဖြစ်ပြီး အဆိုပါ လက်ကမ်း စာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ကောက်နုတ်ချက်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အမှာစကား ကောက်နုတ်ချက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေး သစ္စာ အဓိဌာန် (၉)ချက်တို့အပြင် လွတ်လပ်ရေးနေ့ ဂုဏ်ပြုကဗျာ၊ ကာတွန်း၊ဆောင်ပုဒ်များပါ ထည့်သွင်းဖော်ပြထားသော သတင်းစကား လက်ကမ်းစာစောင်၊ စောင်ရေ (၄၅၀) ကို အခမဲ့ဖြန့်ဝေ ပေခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)