ကျောင်းကုန်း ဒီဇင်ဘာ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က ရောက်ရှိပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားဖို့ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးညွန့်က ကျောင်းကုန်းမြို့နယ်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁) သိန်း (၁) သောင်းကျော်ရှိပြီး၊ ဆန္ဒပြုမဲရုံ (၁၁၉) ရုံ ရှိကြောင်းတင်ပြခဲ့သည်။
ထို့နောက် အမှတ် (၂) ရပ်ကွက်၊ မဲရုံအမှတ် (၂) အ.မ.က မြို့သစ်ကျောင်း၌ ပြင်ဆင်ထားမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)