ကြံခင်း ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံ များပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်တာဝန်ခံနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တာဝန်ခံ ဦးသန်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လှိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့ရွေးကောက်ပွဲကော်မရှင်(ခွဲ) အရာရှိ ဒေါ်ဝင်းဝင်းမြင့်၊ မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများက ရွှေတောင်စုရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ မြို့မရပ်ကွက်တို့ရှိ မဲရုံများ စနစ်တကျ နေရာချထားမှု ရှိ/မရှိ၊ ဆန္ဒမဲ လာရောက်မဲပေးမည့် ပြည်သူများ အဆင်ပြေစိတ်ချလုံခြုံစွာ မဲပေးနိုင်ရေး၊ အဝင်လမ်း၊ အထွက်လမ်း မြင်သာအောင်ဆောင်ရွက်ထားရှိရေးတို့ကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တာဝန်ခံက မဲရုံမှူး၊ ဒုမဲရုံမှူးတို့အား လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သွားကြရန် ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
ကြံခင်း (ပြန်/ဆက်)