ကာလိ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဒေသခံပြည်သူများတို့အား အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကာလိမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီအချိန်တွင် ယာယီပျံကျ ဈေးနှင့် မြို့မဈေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာရုံးများသို့ သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၄-၁၁-၂၀၂၀ ရက်နေ့တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပိုခဲ့သော “အမျိုးသား ညီညွှတ်ရေးကို အခြေခံ” တွင်ပါဝင်သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊၁၉၄၇ ခုနှစ်၊ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့သည့် ညီညွတ်ရေးကို ဦးတည်ကြပါ ၊စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားသည့် လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ ကဗျာ၊ ရန်ကုန်မြို့ ၊မဟာဗန္ဓုလပန်းခြံ အတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ရေးထိုးထားသည့် လွတ်လပ်ရေး သစ္စာအဓိဌာန် (၉)ချက် စသည့် အချက်အလက်များပါဝင်ကြောင်းသိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)