ပန်းတနော် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ယမန်နေ့နေ့လည် ၁ နာရီတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက် မဲရုံအမှတ်(၁)၊ အနောက်ပိုင်းရပ်ကွက် မဲရုံ အမှတ်(၁)၊ အမှတ်(၂)သို့ သွားရောက်ကာ မဲရုံကြီးကြပ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံမှူးများနှင့် တွေ့ဆုံ၍ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး၊ မဲရုံပရဝုဏ်သတ်မှတ်ရေး၊ မဲရုံအတွင်း လွှတ်တော်(၃)ရပ်နှင့် တိုင်းရင်းသားလူမျိုးစု လွှတ်တော်ဆန္ဒမဲပေးခန်းများ သတ်မှတ် လမ်းညွှန်ချက်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနေ့ရက်တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံတာဝန်ကို ကြိုတင်ထမ်းဆောင်ကြမည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)