ခေါင်လန်ဖူးမြို့နယ်၌ လျှပ်တစ်ပြက် ကာကွယ်ဆေးစတင်ထိုးနှံ

ခေါင်လန်ဖူး ဇန်နဝါရီ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ မွေးကင်းစမှ (၅) နှစ်အောက်ကလေးငယ်များ အား လျှပ်တစ်ပြက် ကာကွယ်ဆေးစတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခေါင်လန်ဖူး မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

လျှပ်တစ်ပြက် ကာကွယ်ဆေးစတင်ထိုးနှံရာတွင် မြို့ပေါ်(၄) ရပ်ကွက်နှင့်ရခီဖူး၊ မနားတန်း၊ ဝါးခယ် ဝမ်၊ ထရီဝမ်ကောင်ကျေးရွာများရှိ မွေးကင်းစမှ (၅) နှစ်အောက် ကလေးငယ်များအား ပြင်းထန် တီဗွီရောဂါ (ဘီစီဂျီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါ (ရိုတာ) ကာကွယ်ဆေး၊ ပိုလီယို အကြောသေ ရောဂါကာ ကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး (၉) နှစ်မှ (၁၀)နှစ် မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်တစ်ပြက်ကာကွယ်ဆေးထိုးခြင်းတွင် ခေါင်လန်ဖူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဆရာဝန်ကြီးဒေါက်တာဂွမ်ဆိုင်းလီက ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကာ ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်(၄)ရပ်ကွက်နှင့် မနားတန်း၊ ရခီဖူး၊ ဝါးခယ်ဝမ်နှင့် ထရီဝမ်ကောင် ကျေးရွာများရှိ ကလေးငယ် (၈၁) ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန် ကြားချက်များနှင့်အညီ စတင်ထိုးပေးခဲ့သည်။

ယင်းလျှပ်တစ်ပြက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခေါင်လန်ဖူးမြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုတွင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလနှင့် မတ်လများအတွင်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)