မအူပင်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ လက်တွေ့မီးငြှိမ်းသတ်ခြင်သရုပ်ပြ

မအူပင် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြဆောင်ရွက်ခြင်းများ အား ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်းရွက်ခြင်းများအား မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဋ္ဌေးဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများအား အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့သည် ဆီဆိုင်အတွင်းအပြင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စစ်ဆေးခြင်း၊ ဆီမီးလောင်မှုအား ကနဦးမီးငြှိမ်းသတ်ရေးပစ္စည်း (DCPမီးသတ်ဆေးဘူး) အသုံးပြုမီးငြှိမ်းသတ်ခြင်းနှင့် FOAM ဆေးရည် အသုံးပြု မီးငြှိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)