တာလေ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန (ရုံးချုပ်) မှ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၅) အမှတ် (၁) ကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာလေမြို့ရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ လူသွားလူလာများသော လမ်းဆုံလမ်းခွနေရာများ၊ လမ်းဘေးဝဲယာရှိ ဈေးဆိုင်များ၊ ဒေသခံပြည်သူများနှင့် တပ်နယ်ဈေးအတွင်း ဈေးရောင်း ဈေးဝယ်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး ( ပြန်/ဆက်)