အိမ်မဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) က စီစဉ်ထုတ်ဝေ သော ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅) အမှတ် (၁)ကို ဇန်နဝါရီလ ၃ ရက်နံနက်၁၀ နာရီကဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဖြန့်ဝေပေး ရာတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများ ဖြစ်သော မြို့မစျေး၊ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ လဖ္ဘက်ရည်ဆိုင်များတွင် ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ လက်ကမ်း စာစောင်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မိန့်ခွန်း ကောက်နုတ် ချက်၊ လွတ်လပ်ရေးနေ့ နှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ၏မိန့်ခွန်း ကောက်နုတ်ချက်များ၊ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေး နေ့နှင့် ပတ်သက်၍ အဆို အမိန့်များ၊ ကဗျာနှင့်ကာတွန်းများ ဖော်ပြပါရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)