ညောင်ဦး ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အသက် ၁၀၀ နှစ်အထက်ရှိ အဘိုး၊ အဘွားများနှင့် အသက် ၈၅နှစ်အထက်ရှိ အဘိုး၊အဘွားတို့အား လူမှုရေးပင်စင်ထောက်ပံ့ ပေးခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အထူးထောက်ပံ့မှုအနေဖြင့် အသက် ၁၀၀ နှစ်နှင့် အထက်ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေများ ယမန်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ရုံးမှ ဒေါ်ဇင်မာဝင်း (ဦးစီးအရာရှိ) ထံက သိရသည်။
ထိုသို့ အသက် ၁၀၀နှစ်နှင့်အထက် အဘိုးအဘွားများ၊ အသက် ၈၅နှစ်အထက်ဘိုး ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့်ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအထူး ထောက်ပံ့ငွေနှင့် ထပ်ဆောင်း ထောက်ပံ့ငွေများအား ညောင်ဦးခရိုင် ၊ညောင်ဦးမြို့နယ်တွင် အသက် ၁၀၀နှစ် အထက် အဘိုးအဘွား ၃၉ဦးအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်၊ ဆယ့်တစ် သိန်းခုနှစ် သောင်းအားလည်းကောင်း၊ အသက် ၈၅နှစ်အထက် အဘိုးအဘွား၁၄၉၈ဦးအား အဘိုးအဘွား တစ်ဦးလျှင် သုံးသောင်းကျပ်ထောက်ပံ့ငွေပေးအပ်ရာ (၄၄၉၄၀၀၀၀)သိန်း ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် ၁၀၀နှစ်အထက် အဘိုးဘွား ၃၀ဦးအတွက် ကိုးသိန်းကျပ်နှင့်၈၅နှစ်အထက်အဘိုးအဘွား ၁၉၀၄ဦးအတွက် အတွက် တစ်ဦး လျှင် သုံးသောင်းကျပ်ဖြင့် လူမှုရေးပင်စင်ထောက်ပံ့ရာ (၅၇၁၂၀၀၀၀) သိန်းကျပ်ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသက် ၁၀၀နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် ၈၅နှစ်အအထက် အဘိုး အဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအထူး ထောက်ပံ့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ် သည့် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊မှ ဒေါ်တင်တင်စိန်(လက်ထောက်ညွှန် ကြားရေးမှူး) ထံက သိရသည်။
ကိုထိန်၊KPD