ပြင်ဦးလွင် ဇန်နဝါရီ ၃
ပြင်ဦးလွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် လူမှုရေး အသင်း အဖွဲ့များ စုပေါင်း၍ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုစုပေါင်း သွေးလှူ ဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီက ပြည်သူ့ဆေးရုံကြီး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသွေးလှူဒါန်းပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်မောင်၊ ကော်မတီ အဖွဲ့ဝင်များ၊ လူမှူရေးအသင်းအဖွဲ့များ စုစုပေါင်း ၅၀ ဦးခန့် စုပေါင်း၍ ကိုဗစ်ကာလ စည်းကမ်းများနှင့်အညီ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် သွေးလှူဒါန်းကြသူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ကြက်ဥ၊ အလုံး(၅၀၀)၊ မေတ္တာအားမာန်ပရဟိတအဖွဲ့မှ ကြက်ဥ၊ အလုံး (၃၀၀)၊ ဒီဇင်ဘာနွားနို့ခြံမှ တစ်ဦးလျှင် နွားနို့ (၂) ခွက်စီ အာဟာရ ဒါနပြုခဲ့ပြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှ ဆေးရုံ အုပ်ကြီးနှင့် ဝန်ထမ်းများမှလည်း သွေးလှူရှင်များအား အားဆေးနှင့် Mask များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
မြတ်ဆုမွန်