ကျောက်ပန်းတောင်းမြို့ မြို့မဈေးကြီးအတွင်းမှ အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်နေရာမှ ရောဂါပိုးတွေ့ရှိခဲ့သူနှင့် ထိစပ်ခဲ့သူများအား ပထမအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ်တွင် Quarantine ထားရှိသူ(၁၂၆)ဦးအနက်၊ ဒီဇင်ဘာ(၃၁)ရက် နေ့အထိ Quarantine ဝင်ရောက်ပြီး Swab ယူရန်ကျန်ရှိနေသူ(၃၇)ဦးအား ဇန်နဝါရီ()ရက်နေ့တွင်  RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာနှင့် ထိစပ်မှုဖြင့် Quarantine ဝင်ရောက်နေသူ အမျိုးသမီး()ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်းမှ အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်၍ စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ နှင့် ဆက်စပ်သူများအား ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း Quarantine တွင် ထားရှိ၍ Swab နမူနာယူစစ်ဆေးရန်အတွက် ပထမအကြိမ် RDT Test Kit ဖြင့် စစ်ဆေးရာမှ အဆိုပါ ထိစပ်အမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းပိုးတွေ့လူနာအား ကျောက်ပန်းတောင်းဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ၎င်းနှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ Quarantine Centre သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ မြို့မစည်ပင်သာယာဈေးကြီးအတွင်းတွင် ယမန်နေ့က  ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)