မော်လမြိုင်ကျွန်းမြို့နယ် နာရေးကူညီမှုအသင်းသို့ နာရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်း ဇန်နဝါရီ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ မြို့မဈေး၊ သားငါးဈေးမိသားစုဝင်များနှင့် စေတနာရှင်များမှ လူမျိုးမရွေး၊ ဘာသာမရွေး အသုံးပြုနိုင်ရန်အတွက် မြို့နယ်နာရေးကူညီမှုအသင်းသို့ စုပေါင်းလှူဒါန်းသော Cool box  ၊အင်ဂျင်စက်နှင့် ဒိုင်နမိုစက်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၁၄)လမ်း၊ ပုညဝိသုဒ္ဓိ ဓမ္မာရုံတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများ ပင့်ဖိတ်၍ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ သရဏဂုံသီလ ခံယူဆောက်တည်ပြီး ဆရာတော်အရှင် သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကြသည်။ ဆက်လက်၍ ကြွရောက်တော်မူကြသော ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချအမျှအတန်း ပေးဝေခဲ့ကြသည်။

ထို့နောက် မြို့နယ်နာရေးကူညီမှုအသင်းတွင် လိုအပ်လျက်ရှိသော cool box၊ အင်ဂျင်စက်နှင့် ဒိုင်နမိုစက် စုစုပေါင်း ၃ မျိုး၊ ကာလ တန်ဘိုး ကျပ် ၂၅ သိန်း တန်ဘိုးရှိသော ပစ္စည်းများအား အလှူရှင်များကိုယ်စား တက်ရောက် လာကြသူများမှ ပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)