မြစ်ကြီးနားမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို နံနက် နာရီ ၂၀ မိနစ် တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ထို့နောက် နံနက် ()နာရီတွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် အခမ်းအနားတက်ရောက်လာသူများ၊ ဂုဏ်ပြုတပ်ဖွဲ့ တို့က နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

ယနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့် အညီ လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)