ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံ​ငွေဖြင့် ​​ဒေသဖွံ့ဖြိုး​ရေး ​လုပ်ငန်းများ ​ဆောင်ရွက်​နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း ဇန်နဝါရီ  ၄

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ စည်ပင်သာယာ​ရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံ​ငွေ တင်ဒါစနစ်ဖြင့် ​ငွေနှင်း​ဆောင်ကုမ္ပဏီ lot-31 မှ တာဝန်ယူ​ဆောင်ရွက်​နေသည့် ​​ဒေသ ဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ယ​မန်နေ့က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ မြို့နယ်တည်​ဆောက်ရေး လုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုး၊​ကော်မတီဝင်စည်ပင် သာယာ​ရေး အဖွဲ့အမှု​ဆောင်အရာရှိ ဦးကံထူးနှင့်ကော်မတီဝင်များက ကွင်းဆင်းစစ်​ဆေးခဲ့ကြသည်။

ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်​ ဒေါ်နန်း​ထွေးသူနှင် အဖွဲ့သည် ဖား​ဆောင်းမြို့​မြောက်ပိုင်း ရပ်ကွက်တွင် ဖားစည်သံလွင်ခန်းမ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ သံလွင်ဇာတ်ဆိပ် ကွန်ကရစ်ခင်းခြင်း (၁)(၂)လုပ်ငန်း၊ မြို့ပတ်လမ်းကတ္တရာခင်းခြင်း လုပ်ငန်း၊​ဆေးရုံ ဝန်ထမ်းအိမ်ရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပြည်​ထောင်စု လမ်းမကြီးလမ်း အဖုံးပါ​ကျောက်စီ​ရေ​မြောင်းနှင့် ပလက်​ဖောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ပြည်​ထောင်စု လမ်းပလက်ဖောင်းကြား ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊​ တောင်ပိုင်းရပ်ကွက်တွင် ကြားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ အ​နော်ရထာလမ်း​ကျောက်မှကတ္တရာခင်းခြင်း လုပ်ငန်း၊ (ခွာညိုလမ်း၊ သရဖီလမ်း၊ ချယ်ရီလမ်း၊ အင်ကြင်းလမ်း၊ ကန္ဓမာလမ်း) ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ ဟစ်တိုင်​မြေ​နေရာ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ​ ဆောင်ရွက်​နေမှုကို ကွင်းဆင်းစစ်​ဆေးပြီး သတ်မှတ်ကာလအတွင်းပြီးစီးရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ​ဆောင်ရွက်ရန် မှာကြားခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)