မိုင်းဆတ်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကျင်းပ

မိုင်းဆတ် ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ယနေ့နံနက်(၄)နာရီ(၂၀)မိနစ်ကကျင်းပခဲ့သည်။

ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးရန်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အလေးပြုခဲ့ကြသည်။

ဆက်လက်၍ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာအား ယနေ့နံနက် ()နာရီ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖတ်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)