ဟင်္သာတမြို့တွင်(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

ဟင်္သာတ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့နံနက်၄နာရီ၂၀မိနစ်အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ခွဲက မြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ခဲ့ပြီးနောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ခင်မောင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၊တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယဦးကျော်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်နဲ့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံကိုအလေးပြုကြသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဝဏ်လွှာဖတ်ပွဲကို ဆက်လက်ကျင်းခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သည့်(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  သဝဏ်လွှာကို ဟင်္သာတခရိုင် အုပ်ချုပ် ရေးမှူး ဦးမျိုးအောင် ဖတ်ကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)