ပျဉ်းမနားမြို့နယ်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

ပျဉ်းမနား  ဇန်နဝါရီ  ၄

၂၀၂၁ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၌ ယနေ့ နံနက် ၄ နာရီ၊ မိနစ် ၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်တင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် အလေးပြုကြသည်။

ယင်းနောက် နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက  ဖတ်ကြားသည်။

ထိုသို့ ၂၀၂၁ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲကို ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါ နှင့် ပတ်သတ်သည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေသည့် ၂၀၂၁ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးကြောင်းသိရသည်။

စိုးမိုး(ပြန်/ဆက်)