တနင်္သာရီမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ အလှူငွေ(၅)သိန်းကျပ်လှူဒါန်း

တနင်္သာရီ ဇန်နဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် ပညာရေးမိသားစု၏ ရွှေရီပညာ စာနာဖေးကူမှု အသင်းသည် မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော ပညာရေးဌာန ဆရာ/ဆရာမများ၏ စေတနာအလျောက်ထည့်ဝင်ငွေဖြင့် စုဆောင်းရရှိသမျှသော ငွေများ ကို အမှန်တကယ်လိုအပ်လျက်ရှိ သော ဆေးရုံများ၊ အဖွဲ့အစည်းများသို့ အစဉ်ဆက်မပြတ်လှူဒါန်းပေးလျက်ရှိရာ  ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၃)နှစ်မြောက်၊လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးနေစဉ် ကာလအတွင်း လိုအပ်သလိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် Coronavirus  Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ အလှူငွေ(၅)သိန်း ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့လှူဒါန်းပေးအပ်ရာတွင် အသင်း၏ကိုယ်စား အထက-တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် အမက-ချောင်းငယ် ကျောင်းအုပ် ဆရာကြီး ဦးအေးသန်းတို့က အလှူငွေ(၅)သိန်း ကျပ်ကိုလှူဒါန်းပေးအပ်ရာ ကော်မတီဥက္ကဌ(ကိုယ်စား) ၎င်းကော်မတီ အတွင်းရေးမှူးဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းသန်းထိုက်စိုးကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြား ကာ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)