တာလေ၌ အသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်

တာလေ     ဇန်နဝါရီ      ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်ခရိုင်၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စု ၊ နားအွန် ကျေးလက်ကျန်းမာရေးဌာနခွဲ အပိုင်းမှ မွေးကင်းစ အသက် ၂ လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ် ပုံမှန် ကာကွယ် ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယနေ့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်း အစီအစဉ်တွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး ၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး ၊ penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ၊ ပိုလီယိုကာကွယ်ဆေး၊ opv  ပိုလီယိုအစက်ချ ကာကွယ်ဆေးများထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ အပြင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးပေးရခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်နိုင်သော ရောဂါများ အကြောင်းကို ဆွေးနွေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ် များအား ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ အပြင် ကိုယ်ဝန်ဆောင် မိခင်များအား တာလေမြို့ နားယောင်း ကျေးရွာအုပ်စုအတွင်း၊  နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွား ဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အောင်ကျော်မိုး(ပြန်/ဆက်)