တောင်သာပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၄)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

တောင်သာ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ(၁၄)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် မန်နေ့နံနက်(၁၀) နာရီက ဆေးရုံဆင်းခွင့်ရရှိ ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ဒီဇင်ဘာ(၂၄)ရက်နေ့တွင်  တောင်သာမြို့နယ်အတွင်းရှိ  CBFQ  များတွင် ဝင်ရောက်နေသူ (၂၄)ဦးတို့၏ Swab နမူနာအား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ  RDT Kits  ဖြင့်စစ်ဆေးခဲ့ရာ ကျား()ဦး၊ ()ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ(၂၅)ရက် နေ့ တွင်  မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဌာန၏စစ်ဆေးချက်အဖြေအရ ကျား()ဦး၊ ()ဦး ရောဂါပိုးတွေ့ရှိသဖြင့်တောင်သာမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇန်နဝါရီ()ရက်နေ့က သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး   မိမိနေအိမ်တွင်  Home Quarantine () ရက်ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီး ဌာန တာဝန်ရှိသူများမှ မှာကြားခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း(၁၄၂)ဦးရှိပြီးဆေးရုံမှ ဆင်းခွင့်ရရှိသည့်လူနာ (၁၃၄)ဦး၊ သေဆုံးသူ() ဦးနှင့် ဆေးကုသမှု ခံယူလျက်ရှိသည့် ပိုးတွေ့လူနာ()ဦး ကျန်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)