မော်လမြိုင်ကျွန်း ဇန်နဝါရီ ၄
လပွတ္တာ ခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအား မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာကြား၍ ဖွင့်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ လမ်းသစ်သည် ၈လမ်း၊အောင်ဇေယျလမ်းနှင့်ဘုရင့်နောင်လမ်းကြား လမ်းအရှည်ပေ ၇၀၀ ၊အကျယ်၄ ပေ လမ်းထု ၆ လက်မရှိပြီး နှစ်ဘက်မိဘများ အမှူးထား၍ ဦးအောင်ကျော်မင်း+ ဒေါ်ဝေဝေနွယ်သား မောင်နေဗလ၊ သမီးမနွယ်ရတီလမင်း(လမင်းသာစတိုး) မိသားစုမှ တန်ဖိုးငွေကျပ်သိန်း(၁၈၀)ကျပ်ဖြင့် လှူဒါန်းခြင်း ဖြစ်သည်။
လမ်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်သိန်းနှင့် အလှူရှင်မိသားစု၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရသည်။
သီတာအောင် (ပြန်/ဆက်)