မိုင်းဆတ်မြို့၌ ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက် ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်()နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒပဏ္ဍိတ၊ ကောင်းမှုလျှံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒဉာဏော နှင့် ဓါတ်စွမ်းဟုန် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒရေဝတ တို့ကဇယန္တောဗောဓိယာမူလေအစချီသော ဂါထာတော်ရွတ်ဆိုပွားများ၍ပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်ဟိန်းကျော်၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကြင်မောင်စန်းနှင့် တာဝန်ရှိသူတို့က ကတ္တရာ လမ်းသစ် ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်းသစ်အလှူရှင် ကမ္ဗည်း ကျောက်စာတိုင် အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

အဆိုပါ မြို့ဦးကျောင်းတိုက် ကတ္တရာလမ်းသစ်အား မြို့ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒပဏ္ဍိတ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးမင်းထွန်းဇနီးနှင့် အလှူရှင်များ စုပေါင်း၍ မြို့ဦးကျောင်းတိုက် အတွင်းရှိလမ်းအား အကျယ် (၁၆)ပေ၊ အရှည်(၄၀၀)ပေ ကတ္တရာလမ်းအဖြစ် ပြုပြင်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)