ရိခေါ်ဒါရ် ဇန်နဝါရီ ၄
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသည့် နေရပ်ပြန်လာသူ ခုနှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ ဇန်နဝါရီ ၃ ရက်က RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါ ခုနှစ်ဦးတို့ စစ်ဆေးမှုအဖြေမှာ Negative ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ ခုနှစ်ဦးတို့အနက် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ သုံးဦး၊ စင်္ကာပူနိုင်ငံမှ နေရပ်ပြန်လာသူ တစ်ဦးနှင့် ပြည်တွင်းမှ နေရပ်ပြန်လာသူ သုံးဦးတို့ဖြစ်ပြီး ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre ၌ အသွားအလာကန့် သတ်စောင့်ကြည့်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre ၌ လက်ရှိအခြေအနေတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသူဦးရေ (၁၂)ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)