ကျောင်းကုန်းမြို့တွင် ကတ္တရာလမ်း တိုးချဲ့ခြင်းလုပ်ငန်းအား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှု

ကျောင်းကုန်း ဇန်နဝါရီ  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ထောက်ရှာအုပ်စု မိုင်တိုင်အမှတ် ၈၀/၂ နှင့် ၈၂/၃ ထိ လမ်းအရှည်()မိုင်()ဖာလုံ မူလ(၁၂)ပေအကျယ်မှ (၁၈)ပေ အကျယ် ကတ္တရာလမ်း တိုးချဲ့ခြင်း လုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီအချိန် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ မဲဆန္ဒနယ်အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မဲဆန္ဒနယ်အမှတ်()တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးခင်မောင်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်ဝင်း၊မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော်၊မြို့နယ်ကျေးလက်လမ်း တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ဆုသီရိမွန်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)