ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ပေါ်ကျွန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

ဟိုပုံး  ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် 33KVဓာတ်အားလိုင်း၊ (.)မိုင်၊ ၄၀၀ဗို့အားလိုင်း(.)မိုင်နှင့် 33/0.4KV 160KVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီး၍ လျှပ်စစ်မီးဖွင့်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ  ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက  ယနေ့နံနက် ၁၀နာရီ အချိန်က ဖဲကြိုး ဖြတ်ဖွင့် လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ပေါ်ကျွန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် တာဝန်ရှိသူများက အမှာစကား အသီးသီး ပြောကြီးပြီး နမ့်ပေါ်ကျွန်း ကျေးရွာတွင် လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စု (၄၄)စုရှိပြီး လျှပ်စစ်ဓာတ်အား တည်ဆောက် ရာတွင် ပြည်နယ်ရန်ပုံငွေ ကျပ်(၁၃၆)သန်းအသုံးပြု၍ Super Mighty Co, ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟိုပုံး(ပြန်/ဆက်)