ပန်ဆိုင်း ဇန်နဝါရီ ၄
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်) မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့ပေါ်ရပ်ကွက်များမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ဖြစ်သော မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ(B)ပိုး၊ ဦးနှောက်အမြှေးရောင်၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက် ရောင်ရောဂါ(၁၁)မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကိုပါ တိုက်ကျွေးခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့ကျန်းမာရေး ဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များမှ အသက်(၁)နှစ်ခွဲ အောက် ကလေးငယ် (၅၀)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၅၀)ဦးတို့အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပန်ဆိုင်း(ကြူကုတ်)တိုက်နယ် ကျန်းမာရေးဌာနမှ သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)