ဟိုပုံးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများအား Sprinkler အသုံးပြု၍ ရေသွင်းစိုက်ပျိုးမှုများပြားလာ

ဟိုပုံး ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ် လွယ်အွန့်ကျေးရွာ၊ ကန်တောင်း၊ ရန်ကင်း၊ ကုန်းသာ၊ ဟဲလုံ၊ သာယာကုန်းနှင့် နမ့်ခုတ်ကျေးရွာများရှိ ဟင်းသီး ဟင်းရွက် (ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲ) နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး) စိုက်ခင်းများတွင် ရေလောင်းစိုက်ပျိုးခြင်းအစား Sprinkler အသုံးပြု၍ ရေသွင်းခြင်း စိုက်ပျိုးအသုံးပြုလာကြသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊  လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊  သီးနှံအမျိုးအစားအလိုက် လိုအပ်သည့် ရေပမာဏနှင့် ရေသွင်းရမည့်အချိန် ကာလတို့ကို တွက်ချက်နိုင်ခြင်းဖြင့် ရေကိုအကျိုးရှိအောင် သုံးစွဲနိုင်ခြင်း၊ ရေငွေ့ပျံဆုံးရှုံးမှုများလျော့နည်း သက် သာပြီး ရေကိုချွေတာနိုင်ခြင်း၊ စိုက်ခင်းအတွင်းသီးနှံပင်များ ရေရရှိနိုင်မှု အညီအမျှဖြစ်ခြင်း၊ မြေအမျိုးအစားမရွေး Sprinkler Irrigation ကို ဆောင်ရွက်နိုင်ခြင်းနှင့် Sprinkler တပ်ဆင် အသုံးပြုရန်အတွက် နေရာအကျယ်အဝန်း မလိုအပ်ခြင်းတို့ကြောင့် ယခုနှစ်ဆောင်းရာသီတွင် Sprinkler တပ်ဆင်ခြင်းများ ပိုမိုဆောင်ရွက်လာခြင်း ဖြစ်ကြောင်း ဟိုပုံးမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း ထံမှ သိရသည်။

ဟိုပုံး(ပြန်/ဆက်)