ကျွန်းစုမြို့နယ်တွင် ဈေးဆိုင်များ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျွန်းစု ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မြို့မဈေးအတွင်း ဆိုင်များရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန မှူး ဦးတင်ထွန်းနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးအတွင်း ကုန်စိမ်းရောင်းချသောဆိုင်များ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချ သည့် ပျံကျဈေးသည်များ၊ ဈေးရောင်းသူ/ ဝယ်သူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက် များကို တိကျစွာလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ညွှန်ကြား ခဲ့သည်။

ထိုနောက် မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်းတို့တွင် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)