ဘောလခဲ ဇန်နဝါရီ ၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ အမှတ်(၂)အခြေခံပညာ မူလတန်ကျောင်းတွင် ရွှေဘောလခဲပရဟိတအဖွဲ့ က မီးတားလမ်း ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်(၇)နာရီက စတင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးတားလမ်း ဆောင်ရွက်ရာတွင် ရွှေဘောလခဲပရဟိတအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှထွေး ဦးဆောင်သော အဖွဲ့များသည် ဘောလခဲမြို့ ရှမ်းစုစည်းရပ်ကွက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ရှိပါသဖြင့် တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်း နိုင်သဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းခြံစည်းရိုး အတွင်း ၃ ပေအပြင် ၃ပေ၊ ပေပေါင်း ၁၇၃၃ ပေ ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဖိုးရယ်