သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ

သီပေါ ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့အတည်ပြု လူနာ()ဦးထပ်မံ တွေ့ရှိရကြောင်း သီပေါမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

သီပေါမြို့နယ်မှ ထပ်မံတွေ့ရှိသောကိုဗစ်၁၉ အတည်ပြုလူနာ()ဦးမှာ  သီပေါမြို့ အောင်စေတီ ကျောင်းတိုက် ဇာတ်စုရပ်ကွက် တွင် သီတင်းသုံးနေထိုင်တော်မူသော အသက်(၁၈)နှစ်အရွယ် ကိုရင်ကြီး ()ပါးနှင့် သီပေါမြို့ ရွာသစ်ကျေးရွာတွင်နေထိုင်သူ အသက်(၂၀)အရွယ် အမျိုးသား()ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်(၁၈)နှစ်အရွယ်ရှိ ကိုဗစ်၁၉ပိုးတွေ့ အတည်ပြုလူနာကိုရင်ကြီးသည် မန္တလေးမြို့၊ မစိုးရိမ်စာသင်တိုက်တွင် ပညာသင်ကြားလျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေးမြို့မှ သီပေါမြို့သို့ မော်တော်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာကာ ရေဟော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူဖြစ်ကြောင်းနှင့် အသက်(၂၀)အရွယ် ကိုဗစ်၁၉ ပိုးတွေ့အတည်ပြုလူနာ အမျိုးသားမှာ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ စူဠာမုနိမာန်အောင် ကျောင်းတိုက်တွင်နေထိုင်၍ ဒသမတန်းပညာသင်ကြားလျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့တွင်  ပရဟိတ လူမှုကူညီရေး မော်တော်ယာဉ်ဖြင့် သီပေါမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အမှတ်() အခြေခံပညာ အထက်တန်းကျောင်း Quarantine Center တွင် အသွားအလာစောင့်ကြည့်ထားရှိကာ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ၎င်းတို့၏ အာခေါင်တို့ဖတ်ရယူ၍  ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဌာနသို့ ပို့ဆောင် စစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းပိုးတွေ့လူနာများအား ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် အဆိုပါ Quarantine Center များမှ သီပေါမြို့ ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ကိုဗစ်၁၉ ပိုးတွေ့ အတည်ပြု လူနာ()ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)