ဟားခါး ဇန်နဝါရီ ၅
ချင်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လုပ်ငန်းခွင်မြေ တိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ် (တိုင်းဒေသကြီး/ပြည်နယ်-၂) သင်တန်းကို ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၃) ကုန်းမြင့် ဒေသလယ်ယာဖော်ထုတ်ရေးရုံး စီးမံကိန်း တာဝန်ခံ ဦးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ချင်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး ဦးစိုးမင်းထွန်းက ပြည်နယ်အတွင်း ဌာန၏လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လုပ်ငန်း လိုအပ်ချက်များနှင့်အညီ လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်လာစေရန်အတွက်လည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ မူဝါဒလမ်းညွှန်ချက်နှင့် အဓိကလုပ်ငန်းတာဝန်များကို ဝန်ထမ်းများ ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လည်းကောင်း ချင်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်း သင်တန်း အမှတ်စဉ် (တိုင်းဒေသကြီး/ပြည်နယ်-၂) သင်တန်း ဖွင့်လှစ်ရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ သင်တန်းသား (၁၉) ဦးဖြင့် သင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း (ပြန်/ဆက်)