ပုသိမ်မြို့တွင် (၁၄) ရက်ခေတ္တပိတ်သိမ်းထားခဲ့သော အောင်ဧရာစျေး (ဘူတာစျေး) ပြန်လည်ဖွင့်လှစ်

ပုသိမ် ဇန်နဝါရီ ၅

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ အောင်ဧရာစျေး (ဘူတာစျေး) ကို ကိုဗစ် - ၁၉ ကူးစက်ရောဂါပိုး ကူးစက်မှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ၂၂-၁၂-၂၀၂၀ မှစတင်၍ ယာယီပိတ်ထားခဲ့ရာ၊ ယခုအခါ သတ်မှတ် ပိတ်ရက်ပြည့်သဖြင် ယနေ့ ၅-၁-၂၀၂၁ ရက်နေ့နံနက်ပိုင်းမှစ၍ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

စျေးရောင်း၀ယ်ခွင့်ကို ပြန်လည်ခွင့်ပြသော်လည်း၊ ကျန်းမာရေးနှင့်အားကစား၀မ်ကြီးဌာန၏  ညွှန်ကြားချက်များကို လိုက်နာရန်နှင့် စျေးရောင်းသူ၊ စျေးဝယ်သူများပါ Mask တပ်ကြရန်၊ လက်ဆေးကြရန်၊ တိုးကြိတ်ဝယ်ယူခြင်းအား ရှောင်ကြဉ်ကြရန် သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း သိရသည်။
 

သတင်း/ဓာတ်ပုံ မောင်မောင်မြင့် ( ပြန် /ဆက် )