ပုသိမ်မြို့နယ် ရပ်ကွက်များသို့ သက်သာသောစျေးနှုန်းဖြင့် တိုင်းသမဝါယမအသင်းစုချုပ် လီမိတက်မှ ငါးများလိုက်လံရောင်းချပေး

ပုသိမ် ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် တိုင်းဒေသကြီး သမဝါယအအသင်းစုချုပ်လီမီတက် (ပုသိမ်)မှ အတွင်းရေးမှူး ဦးထွန်းဟန် ဦးဆောင်ပြီးရပ်ကွက်နေပြည်သူများသို့ သက်သာသော နှုန်းထားဖြင့် ယနေ့နံနက်ပိုင်းက ငါးများကို လိုက်လံရောင်ချပေးလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့သည် Stay at Home တွင်ပါဝင်သောမြို့ဖြစ်ပြီး ကိုဗစ်-၁၉ ကာလ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များ ကြောင့် ရပ်ကွက်နေပြည်သူများ စားရေးအဆင်ပြေစေရန် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်မှ ဒေသ ထွက်ကုန် ရေချိုရေငံ ငါးမျိုးစုံကို အရည်အသွေးမှန်၊ စျေးနှုန်းမှန်ကန်စွာဖြင့် ယခုလို ရပ်ကွက်များသို့ အိမ်အရောက် လိုက်လံရောင်းချပေးနေခြင်းဖြင့် တစ်တစ်လမ်းက ကူညီဆောင်ပေးနေတာဖြစ်ကြောင်း သိရသည်။

ယနေ့ရောင်းချပေးသောငါးများမှာ ငါးကြင်း၊ ငါးမြစ်ခြင်း၊ ငါမုတ်၊ ငါးရံ၊ ငါးဖယ်၊ ငါးပုန်ညို၊  ငါးသလောက် ငါးဘူးစိ၊ ကာဘီးလူစသည့်ငါးမျိုးများဖြစ်ပြီးပိသာချိန် ၂၅၀ ကို ဇန်နဝါရီ ၅/၆ ရက်နေ့များတွင် ဥမ္မာဒန္တီ၊ ပပဝတီ၊ ပန်းဆက်၊ ရန်ကင်းတောင်၊ ရွှေဘုံသာ၊ ရပ်ကွက် ၁၃၊ ရာမည၊ ဧရာမင်းရပ်ကွက်များ ရောင်းချပေးသွာမှာဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)