ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်ကူညီခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ

နောင်ချို ဇန်နဝါရီ   

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကူညီပေးခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီတပ်ဖွဲ့ ဝင်များသည် ယနေ့ နံနက်()နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကျန်းမာရေး စစ်ဆေးရေး စခန်းသို့ ရောက်ရှိခဲ့ရာ ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထိုသို့ သွားရောက်ကူညီခဲ့ကြသော ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ဇော် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်(၃၁)ဦးတို့သည် ရန်ကုန် တိုင်းဒေသကြီး လှိုင် ကိုဗစ် Centre တွင် အခြေစိုက်နေထိုင်ကာ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကို ရန်ကုန်မြို့ နယ်မြေခံအသင်းသားများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန်အတွက် (.၁၂.၂၀၂၀) ရက်နေ့က သွားရောက်ခဲ့ပြီး (..၂၀၂၁) ရက်နေ့ထိ ()လတိတိ ကူညီဆောင်ရွက်ပေးခဲ့ပြီး နေရပ်သို့ပြန်လာရာ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ကျန်းမာရေး စစ်ဆေးရေးစခန်းသို့ ရောက်ရှိချိန်တွင် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထွန်းထွန်းဦး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)