သီပေါမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုသတ်မှတ်

သီပေါ ဇန်နဝါရီ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုသတ်မှတ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမျိုးထွန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာညီညီအောင်၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက   ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မိုးလုံလေလုံအားကစားရုံ (၂၀၀၁၀၀') အား ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် (၃၅၄၈၅၀၀၀၀/−) (ကျပ်-သုံးထောင့် ငါးရာ လေးဆယ့် ရှစ်သိန်း ငါးသောင်းတိတိ) ခွင့်ပြုချထားပေးခဲ့ပြီး  ရှမ်းပြည်အလှ ကုမ္ပဏီက သတ်မှတ် စံချိန်စံညွှန်း အရည်အသွေး များနှင့်အညီ တာဝန်ယူ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)