စဉ့်ကိုင် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ပညာတံခွန်ပညာရေး ငွေစု ငွေချေး သမဝါယမအသင်းမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေး နှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက သမဝါယမ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပညာတံခွန် ပညာရေး ငွေစုငွေချေး အသင်းဥက္ကဋ္ဌ ဦးခင်မောင်သိန်းက ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် အသင်းသား/အသင်းသူများအား ကိုဗစ်−၁၉ ရောဂါကာလ ထောက်ပံ့ ငွေအဖြစ် အသင်းသားတစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့် အသင်းသား/ အသင်းသူ (၇၁၀) ဦးအား စုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၁၀၀၀၀၀) အား ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် စာရေးကြီး ဦးကျော်အောင်မှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေစာရင်းရှင်းတမ်းများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စဉ့်ကိုင် (အ.ထ.က) မှ ဆရာဦးကျော်အောင်နှင့် တက်ရောက်လာသော အသင်းသား/အသင်းသူများက ပညာရေး ငွေစုငွေချေးနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေး ပြောကြားခဲပြီး အစည်းအဝေးကို ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)