ကျောက်ပန်းတောင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းတွင် Quarantine ထားရှိသူ (၁၁၉)ဦးအနက်၊ ၂၀၂၁- ဇန်နဝါရီ(၁)ရက်နေ့အထိ Quarantine ဝင်ရောက်ပြီး၊ Swab နမူနာယူစစ်ဆေးရန် ကျန်ရှိသူ(၃၀)ဦး တို့အား၊ ယနေ့တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှ ပြန်လည်ရောက်ရှိပြီး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း) တွင် Quarantine ဝင်ရောက်နေသည့် ရေဆုံးကျေးရွာအုပ်စု၊ ရေဆုံးကျေးရွာအမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး ဖြစ်ကြောင်းသိရပြီး၊ ၎င်းပိုးတွေ့လူနာများကို ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ၎င်းတို့နှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်း ဖော်ထုတ်၍ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)