တံတားဦးမြို့နယ် သမန်းကျေးရွာအုပ်စု အောက်တောကျေးရွာတွင် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

တံတားဦး ဇန်နဝါရီ ၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သမန်းကျေးရွာအုပ်စု အောက်တောကျေးရွာတွင် ဝင်ငွေ နည်းပါးသည့် အိမ်ထောင်စုများကို အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပန်းမုန်လာပွင့်နှင့် ကိုက်လန်စည်းများကို ပြင်ဦးလွင်မြို့ မြစန္ဒာလမ်းနေ  ဦးသန်းနိုင် + ဒေါ်စိန်ငွေ မိသားစု တို့မှ မိမိမွေးရပ်ဇာတိမြေဖြစ်သော အောက်တောကျေးရွာသို့ ယနေ့နံနက်(၁၀)နာရီက လာရောက် ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အောက်တောကျေးရွာ၌ ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ပန်းမုန်လာပွင့် (၁)ထုပ်၊ ကိုက်လန်(၁)စီး တို့အားထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် မန်းကျေးရွာအုပ်စု အောက်တော ကျေးရွာတွင် အိမ်ထောင်စုပေါင်း(၂၂၀)စု အတွက် ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်း  သမန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)