ခိုင်ကမ်းမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ခိုင်ကမ်း  ဇန်နဝါရီ 

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရုံးခန်း၌ ယနေ့နံနက် ၁၀ အချိန်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်()နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် အသက်()နှစ်အောက် ကလေးငယ်များအား ပိုလီယိုအကြောသေ ကာကွယ်ဆေး၊ ဦးနှောက် အမြှေးရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက် ကာကွယ်ဆေးနှင့်၊ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံရာတွင် ခိုင်ကမ်းမြို့ရှိ စုစုပေါင်း ရပ်ကွက်()ခုအတွင်းရှိ အသက်() နှစ်ခွဲအောက် ကလေးငယ်(၂၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ()ဦးတို့အား ထိုးနှံဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း ခိုင်ကမ်းမြို့ ကျေးလက် ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ဒေါ်လန့်ငိုက်ဟွဲ ထံမှ သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)